Print Friendly and PDF


VPA အကျိုးဆက်စပ်ပတ်သက်သူများ

မည်သည့်လုပ်ငန်းစဉ် သို့မဟုတ် အလုပ်တွင်ပါဝင်နေသည့် အကျိုးဆက်စပ်ပတ်သက်သူများမှာအဆိုပါ လုပ်ငန်းစဉ်သို့မဟုတ် အလုပ်၏အကျိုးသက်ရောက်မှုခံရသော လူများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်း များဖြစ်သည်။ သစ်တောများတွင် ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်အလိုက် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတန်ဖိုးများရှိသည်။

VPA လုပ်ငန်းစဉ်များ၏ အတွေ့အကြုံများအရ သစ်တင်ပို့သည့်နိုင်ငံများနှင့် EU တွင် အကျိုးဆက်စပ်ပတ်သက်သူများမှာ အစိုးရများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အရပ်ဖက်လူမူအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တိုင်းရင်းသားများပါ၀င်သည်။

သစ်ထွက်ကုန်ပစ္စည်းများ၏ တရားဝင်ဖြစ်မှုနှင့်ပတ်သက်၍ အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့များ အတွင်း နှင့် အကြားတွင်ဦးစားပေးမှုများ၊ စွမ်းဆောင်ရည်များနှင့်အမြင်များ အမြောက်အမြား ရှိသည်။ VPA လုပ်ငန်းစဉ်များ ၏ အဓိကစိန်ခေါ်မှုမှာမတူညီမှုများကို တံတားခင်းပေးပြီးကျယ်ပြန့်သော ထောက်ခံမှုကို မြှင့်တင်ပေးရန် ဖြစ်သည်။

ထို့ကြောင့် EU နှင့် မိတ်ဖက်နိုင်ငံ အကျိုးဆက်စပ်ပတ်သက်သူများသည် VPA အနေနှင့် ခိုင်မာပြီး ယုံကြည်ရမှုကို သေချာစေရန် အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပေါ်စေရေး EU မှ အကြံပြုခြင်းဖြစ်သည်။

VPA ဆိုင်ရာကိုးကားစရာများ၏ VPA နှင့်သက်ဆိုင်သော နိုင်ငံ့အကျိုးဆက်စပ်ပတ်သက်သူများ နှင့် ဥရောပသမဂ္ဂမှ အကျိုးဆက်စပ်ပတ်သက်သူများတွင် ဆက်လက်ဖတ်ရှုပါ။




 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်။  VPA ဆိုင်ရာ ကိုးကားစရာများတွင်ပါဝင်သည့် အကြောင်းအရာ များသည် EU FLEGT Facility ၏ အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ် မူတည်၍ ရေးသားပြုစုထားခြင်းဖြစ်သဖြင့် Facility အပေါ်တွင်သာအပြည့်အဝတာဝန်ရှိသည်။ မှတ်ချက် သို့မဟုတ် မေးခွန်းများအတွက် အောက်ပါအီးမေးလ်မှ တဆင့် ဆက်သွယ်နိုင်ပါသည်။ info@euflegt.efi.int

© European Forest Institute 2016